ကရင်ပြည်နယ် ဘားအံမြို့က သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိလာပြီဖြစ်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့က ရေဘေးရှောင်စခန်းတွေ ဖွင့်ထားဖို့ အဆင်သင့်ဖြစ်ပြီလို့ သိရပါတယ်။
ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မနေ့ကစပြီး သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေစတင်ဝင်ရောက်လာခဲ့တာပါ။
ကယ်ဆယ်ရေးစခန်းတွေကို ဆိုင်ကလုံးရှက်တာနဲ့ အားကစားရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။
နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဘားအံမြို့အနိမ့်ပိုင်းက နေထိုင်တဲ့သူတွေကို ကယ်ဆယ်ရေးစခန်းဆီကို ရွှေ့ပြောင်းနေပြီလို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းက ကရင်မိုးဇလရဲ့ ခန့်မှန်းချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကို ရောက်ရှိလာလို့ မြစ်ကမ်းပိုင်းနီးနားနေသူတွေ သတိပြုနေထိုင်ကြဖို့ ပြည်နယ်မိုးလေဝသဦးစီးမှူး ဦးအောင်ကိုကိုက ပြောပါတယ်။
ကရင်ပြည်နယ်က သံလွင်မြစ် ၊ဂျိုင်း၊ ဟောင်သရော၊ သောင်ရင်း၊ လှိုင်းဘွဲ့ချောင်းတွေဟာ စိုးရိမ်ရေမှတ်ထက် အသီးသီးရောက်ရှိနေခဲ့တာပါ။
မနေ့ညနေပိုင်းကလည်း ရှမ်းရွာသစ်မြို့မှာ ရေတိုက်စားတာကြောင့် တံတားတစ်ခုရဲ့အောက်ခြေမြေသား ပြိုကျပျက်စီးသွားတဲ့အတွက် ကားသွားလာမှု ယာယီပြတ်တောက်သွားခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူးကဆိုပါတယ်။
ဘားအံ ရွှေဂွန်း မြိုင်ကြီးငူလမ်းပိုင်းက ဂျို့ချောင်းကျေးရွာနားမ ကားလမ်းမပေါ်မှာ ရေလျှံလာတဲ့အတွက် ကားသွားလာမှုအဆင်မပြေဘူးလို့ ဒေသခံဆီက သိရပါတယ်။
မနေ့ ကမမောင်း ဖာပွန်လမ်းပိုင်းက ဆင်စွယ်တံတားနဲ့ ကညင်ဒုံတံတားအနီးမှာ ရေလွမ်းမိုးမှုတွေ ရှိခဲ့တာပါ။
ကရင်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်ထားရပြီး လူဦးရေ ၂၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းဆီကို ရောက်ရှိခိုလှုံခဲ့ကာ စာသင်ကျောင်း ၅၀ ကျော်ပိတ်ထားရတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် ဘီးလင်းမြို့မှာတော့ ဘီးလင်းမြစ်ရေဟာလည်း စိုးရိမ်ရေမှတ်နားကို ရောက်ရှိနေပြီး ကယ်ဆယ်ရေးစခန်း ၁၉ ခုဖွင့်ထားရပြီး လူဦးရေ ၂၀၀၀ နီးပါး စခန်းကိုရောက်ရှိခဲ့တယ်လို့ရေဘေးကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားတာပါ။
ဒါ့အပြင် စာသင်ကျောင်းအချို့လည်း ပိတ်ထားခဲ့ရပြီး ဘီးလင်းမြို့နယ်က ရန်ကုန် မော်လမြိုင်ကားလမ်းမကြီးမှာတော့ ယာဉ်တွေသွားလာလို့ ရသေးတယ်လို့ ဆိုပါတယ်။
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: https://www.facebook.com/7DayOnlineTV/
Twitter: https://twitter.com/7Day_TV
general news 2018 ကရင်နဲ့ မွန်မှာ ရေကြီးနေလို့ စာသင်ကျောင်းတွေပါ ပိတ်ထားရ | |
880 Likes | 880 Dislikes |
103,840 views views | 245K followers |
News & Politics | Upload TimePublished on 6 Aug 2019 |
Related keywords
tv kanalları,7days to die wiki,7days lyrics,7 days to die mods,tv8 canlı izle,latest news nyc,general news latest,7 days to die map,tv canlı izle,latest news in nigeria,general news in newspaper,tv rehberi,tv askı aparatı,general news headlines,tv canlı,tv de spor,latest news on donald trump,latest news on puerto rico,general news example,latest news on r kelly,7 days in hell,latest news cnn,tvf,general news headlines today,tv canlı yayın,7days ru,general news uk,7 days from today,tv sehpası,7 days to die server,tv yayın akışı,7 days to die,tv100,general news today in english,latest news on wendy williams,latest news on amazon fire,7days,7 days to die cheats,latest news on immigration,general news in nigeria,general news india,latest news in guyana,latest news from israel,latest news on melvin gordon,latest news on daca,7 days to die commands,general news section,latest news on trump,general news of the day,general news service,7daysclothing,http://7daystodie.com,7days2die,latest news on iran,latest news on jennifer dulos,tv8 yayın akışı star,tv akışı,general news in english,general news in ghana,latest news on andrew luck,tv plus,7 days hair regrowth serum,tv üniteleri,latest news on ezekiel elliott,general news stories,general news in hindi,7 day weather,latest news india,latest news on david ortiz,tv ünitesi,tv2,general news in tamil,7days7nights,7 day detox,tv8,tv fiyatları,general news definition,general news meaning,7day forecast,
Không có nhận xét nào:
Đăng nhận xét